Pages

Tuesday, September 3, 2013

ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှ ဆုရတဲ့ခွေးရုပ်ဆိုးများ

2011 ခုနှစ် June လ 24 သောကြာနေ့ တုန်းက ကျင်းပခဲ့တဲ့ Sonoma-Marin Fair ဆိုသည် အမည်ဖြင့်ကျင်းပခဲ့ပါတယ် ကမ္ဘာ့ ရုပ်အဆိုးဆုံးသော ခွေးများ၏ ရုပ်အဆိုးဆုံးပြိုင်ပွဲ နှင့် စွမ်းရည် ပြပွဲပဲဖြစ်ပါတယ်။ထိုပြိုင်ပွဲတွက် ကမ္ဘာ့ရုပ်အဆိုး ဆုံးဟုသတ်မှတ် သည့်ခွေးကို ဆုကြေးငွေ ဒေါ်လာ $ 1000 ချီးမြင့်မှာဖြစ်ပါတယ်။ထိုပြိုင်ပွဲကို Petaluma တွင် ကျင်းပခဲ့တာဖြစ်ပါတယ်။

အပေါ်ပုံက ခွေးလေးကတော့ ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ခွေးလေးပါတဲ့ လုပ်နေတဲ့ စတိုင်လေးကိုလည်းကြည့်လိုက်ပါဦး ဓါတ်ပုံအရိုက်မခံချင်ရှာဘူး မျက်လုံးကကော ပုံစံကပါ စတိုင်ပေး ဂိုက်ပေးကြမ်းနေလိုက်တာ.. သူ့ရဲ့နာမည်ကတော့ Handsome Hector ပါတဲ့..

အပေါ်ပုံက ခွေးလေးကကျတော့ မဲတူးတူးနဲ့ အဖိုးအိုလေးကျနေတာပဲ ခေါင်းမှာ အမွှေးဖြူလေးတွေနဲ့ အချို့ သောမိန်းမလှလေးတွေလက်က မချတမ်းကိုက်တတ်တဲ့ ခွေးမျိုးနဲ့ ကျကွာပါ့နော် ဟီး

အပေါ်ပုံက ခွေးလေးရဲ့ နာမည်ကတော့ Hercules ပဲဖြစ်ပါတယ် ။သူ မျက်လုံးတစ်ဖက်က မွေးကတည်းကယခုလို မမြင်ရဖြစ်နေပြီး အခြားတစ်ဖက်က နီရဲကာ သာမာန်ထက်ပိုပြူးထွက်နေသလိုတွေ့ ရပါတယ်။ သူ ကတော့ အသက် 15 နှစ်ရှိပြီဖြစ်တဲ့ Pug ခွေးမျိုးပဲဖြစ်ပါတယ်။

အပေါ်ပုံက ခွေးကတော့ အမည် ratdog ဟုတ်သိရပါသည် ။ သုကတော့ Chihuahua ခွေးမျိုးကိုမှ အခြားမျိုးတစ်ခုနဲ့ Mix လုပ်ထားတဲ့ ခွေးဖြစ်ပါတယ်။ သနားးစွာပင်ထိုခွေးကလေးသည် မွေးကာစကပင် နားလုံးဝမကြားပဲ နှင့် သွားများလည်း တစ်ချောင်းမျှ မပါရှိခဲ့ကြောင်း သိရပါသည်။ဒါပေမယ့် သူဟာ Sonoma-Marin Fair မှာအနိုင်မရရှိခဲ့ပါဘူးခင်ဗျာ..

အကဲဖြတ် အဖွဲ့ ရဲ့ဆုံးဖြတ်မှုအရ အနိုင်ရ အောင်ပွဲခံ ခဲ့တဲ့ခွေးလေးဖြစ်ပါတယ် အစားအသောက်လဲကြီးပြီး နားရွက်က ချွန်ချွန်နှင့် လူမမာ ဂြိုဟ်သားပုံစံခွေးကလေးက ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးလေးအဖြစ်အနိုင်ရရှိခဲ့ပါတယ်..။

If you used this post please give credit thanks
အမိုက်စားလေးများ


Enjoy Myanmar

0 comments:

Post a Comment