Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, September 17, 2013

Victoria Amazonica မှကမ္ဘာ့အကြီးဆုံး လှပသည့်ရေကြာကြီးများ

Victoria Amazonica ရှိရေကန်အတွင်း မှကြာပန်းကြီးများသည် တကယ့်ကိုဝိုင်းစက်လှပြီးတော့အကြီးဆုံးကြာမျိုးစုများ

ဖြစ်ပါသည် ။ ကမ္ဘာပေါ်တွင်ကြီးမားလှသည့် အမျိုးဝင် Water Lillies များပင်ဖြစ်ပါသည် ။ ထိုကြာပန်းများဟာ တိမ်လှသည့်Amazon River basin မြစ်ရေပေါ်တွင် လှပသည့် အ၀ိုင်းအစက်လေးများလို ပေါ်လောပေါ်နေသည် မှာအံ့မခန်း ပန်းချီတစ်ကားအလား ရင်သက်ရှုမောငေးမောစရာတစ်ခု ပဲဖြစ်ပါသည် ။ ထိုကြာပန်းများရဲ့ ခွင့်အချင်းး ကတော့ 3 mရှိပြီးတော့တကယ့်ကိုဝိုင်းစက်လှပ ပါသည်။ အပေါ်မှ 70 ပေါင်လေးလှသည့်အ၀ိုင်းစက် အ၀ိုင်းခွက်ကြီးးကိုအောက်မှ ခံနိုင်ရည်ရှိစွာထောက်ကန်ထားပေးပါသည်။ထိုကြာပန်းးကိုGiantWaterLilyဟုလည်းထိုဒေသအခေါ်အဝေါ်


တစ်ခုရှိသေးကြောင်းသိရပါသည်။ ထို GiantWater Lily ကိုစတင် ခဲ့တဲ့အချိန်ကတော့ Victoria regia နန်းစံပြီးနောက် Queen Victoria နန်းဆက်ခံချိန် United King-dom မှ ထိုအချိန်တွင် Robert Schomburgk မှ နှစ် 1836 ခုနှစ်တွင်တွေ့ရှိခဲ့တာဖြစ်ပါသည် ။

လူတစ်ယောက်တောင် ၀င်ပြလိုက်ပါသေးးတယ် အတော်လေးးကြီးကြောင်းသိစေချင်လို့ ပါ

အရောင်အသွေူးကလဲ လှပ ပါပေတယ်

ကဲ ဗျိုင်းလေးတောင် ၀င်နားနေပါသေးတယ်

ကန်ထဲမှာကြာပန်းးတွေကလဲအများကြီးးပဲ...

ထို ကြာပန်းးလေးတွေကို ထိုဒေသရှိကလေးများက လှေလုပ်ပြီးလို့တောင်စီးးကြသေးကြောင်းသိရပါသည် အောက်မှ

ထောက်ခံနိုင်စွမ်းအတော်ကောင်းပါတယ် လှပပြီးး မျက်စိအေးးစေပါသည်..။

စာဖတ်ပရိတ်သတ်အားလုံးပဲ ရေလိုအေးးလို ကြာလိုတင့်တယ်နိုင်ကြပါစေနော်......

http://mcwaiyan.blogspot.com

Mc wai yan (Dannel Iglesias Phyo)

Germany နိုင်ငံမှထူးခြားသော စက်ဝိုင်းလေးများနှင့်တောင်တန်းရွာလေး

Vercorin Swissဆိုသည့်တောင်တန်းရွာကလေးတွင်နေထိုင်သည့်ဗိသုကာအလှဆင်အနုပညာရှင်တစ်ယောက်ဖြစ်သည့်

Feifei Varini ဆိုသူသည် ၄င်းနေထိုင်သည့် တောင်တန်းရွာကလေးကို အလှဆင်ရန်အတွက် ပြီးခဲ့တဲ့နွေရပြီးခဲ့တဲ့ နွေရာသီက

စဉ်းစားလာခဲ့တာ ၄င်းအကြံအကောင်အထည်ဖော်နိုင်ခဲ့ပါပြီအခုတော့ ၄င်းနေထိုင်သည့် တောင်တန်းရွာလေးဟာ ရှေးအစဉ်အလာကတည်းက ထိန်းသိမ်းလာသော တောင်တန်းရွာလေးဖြစ်ပါတယ် ။ အိမ်တစ်အိမ် တစ်အိမ်ဟာဆိုရင် ချစ်ခင်စွာနေထိုင်လာကြပြီးဝိုင်းဖွဲနေထိုင်ကြသည့်ဓလေ့ပုံစံအမျိုးတွေလိုဖြစ်နေကြပါသည်။ထိုနောက်အိမ်လေးများအားလူံးဟာလည်း ပူံစံဟာသစ်ကိုအခြေခံကာဆောက်လုပ်ထားသည့်အိမ်ပုံစံများပင်ဖြစ်ပါသည်Germanyနိုင်ငံဧည့်သည်များကြိုက်နှစ်သက်သည့်တောင်တန်းမြို့ လေးအဖြစ်လှပသည့် ဆုကိုလည်းအပ်နှင်းခြင်းခံထားရပါသေးသည် ။ စဉ်းစားမိလာပြီဖြစ်သော Varini ဟာ၎င်းနေတဲ့ယခုနေရာလေးကို အလှအပထူးဆန်းမှု အနုပညာတစ်ခုလုပ်ဖို့ အတွက်စဉ်းစားမိပြီးး သူဟာ Geometric Formulas နဲ့ Accurate Measurements များကိုအသုံးချကာ အိမ်များကိုအဝေးမှကြည့်လျှင် အ၀ိုင်းသဏ္ဍန်လေးများထင်ရှားစွာပေါ်နေစေရန်အတွက်ကြိုးပမ်းဆောင်ရွက်ကာ ထို အိမ်များအတွက်ဆေးကိုအသုံးပြုတဲ့အခါ metallic paint ကိုအသုံးပြုကာ ပြုလုပ်ခဲ့ပါသည်။ ၄င်းစက်ဝိုင်းများသည် အဝေးမှကြည့်လျှင်လဲ ရှင်းလင်းပျက်သားပြီးး ၀ိုင်းစက်မှုကလည်း အင်မတန် ကိုတိကျလှပါသည် ။ ထိုစက် ၀ိုင်းများသည် တစ်အိမ်တည်းကို တစ်သတ်မှတ်တည်း ၀ိုင်းထားသောပူံစံမျိုးမဟုတ်ပဲ ဆက်ကာဝိုင်းထားသည့် တစ်အိမ်နှင့်တစ်အိမ်စက်ထားခြင်းမျိုး ပုံစံလေးဖြစ်ပါသည် ။ ထိုအမှတ်အသား တစ်ခုအနေဖြင့်ပြုလုပ်ခဲ့သည့် အနုပညာကို Varini က အမည်တစ်ခုပေးလိုက်ပါသည် Fifi Varini point ဟူရ်ျဖြစ်ပါသည် ။

တောင်တန်းရွာလေး အတွင်းရှိ စက်ဝိုင်းများ ကိုအဝေးကနေ ထင်ရှားစွာဖြင့် မြင်တွေ့ နေရပါတယ်


အနီးကပ်ထပ်ဆွဲကြည့်လိုက်တာ အတော်လေးကို ထင်ထင်ရှားရှားတွေ့ မြင်ရပါတယ် ရွာလေးကသပ်ရပ်ပြီး မြို့ ငယ်လေးနဲ့ မခြားတူလှပါတယ်..


အိမ်တစ်လုံးရဲ့ အပြင်ဘက် နံရံပေါ်က စက်ဝိုင်း စိတ်အပိုင်းတစ်ပိုင်းကိုတွေ့ မြင်ရပါတယ်


နေညိုချိန်မှာ စက်ဝိုင်းလေးများ ကိုယခုလိုတွေ့ မြင်နေရပါသေးတယ်..ညမှောင်သွားတဲ့အခါ အရင်အရောင်လေး ကအဖြူရောင်လေးပါ ညမီးးနဲထိုးကြည့်တဲံအခါမှာအမဲရောင်အဖြစ်ပြောင်းနေတာလေးကိုလဲ အံ့သြစွာတွေ့ မြင်ရပါတယ်။။



ညအမှောင်ထဲတွင် စက်ဝိုင်းလေးကို မီးမှောင်း နှင့် ထိုးကြည့်သောအခါ အမဲရောင်ပေါ်နေပြီးနေ့ ဘက်တွင်တော့ အဖြူရောင်ပေါ်နေတာကို

သိသာထင်ရှားစွာတွေ့ မြင်နေရပါတယ်။

အခုလို ဆက်လက်တွေ့ မြင်နေရပါသေးးတယ်..

အစိတ်အပိုင်းး ကွဲလေးးများနှင့် ပုံစံတူအိမ်လေးတွေ

ထို စက်ဝိုင်းများနှင့် ဂျာမနီ နိုင်ငံကထိုရွာလေးသည် အစဉ်သန့် ရှင်းသပ်ရပ် လှပနေပြီးး ထိုစက်ဝိုင်းလေးတွေ အနည်းငယ်ပျက်ယွင်းလာရင်ပြန်လည်ပြုပြင်ကာဖြင့် စက်ဝိုင်းလေးနှင့် တောင်တန်းရှည်ရွာလေးပဲဖြစ်ပါတော့သည် .။

Enjoy Myanmar

Sunday, September 8, 2013

ခြင်္သေ့မများနှင့် မိကျောင်းတိုက်ပွဲ

သားကိုမထိ နဲ့ သားကိုထိဓါးးကိုကြည့်ထားး!
ခြင်္သေ့မများတစ်စုနှင့်၎င်းတို့ ၏ရင်သွေးများ နေ့လည်ခင်းရေသောက်ခင်းနေစဉ်အတွင်းမိကျောင်းတစ်ကောင်ဟာကုန်းပေါ်တတ်လာပြီးခြင်္သေ့ပေါက်လေးကိုစားမယ်အကြံနဲ့ ကုန်းပေါ်တတ်လာပါပြီဒါပေမယ့်မရပါဘူးသူ ခြင်္သေ့မတွေ့ သွားပြီးအခြားခြင်္သေ့မတွေပါကိုက်၁၀၀အကွာကနေကိုက်ဖြတ်မယ့်ဟန်နဲ့ မာန်ဖီကာဝိုင်းထားပါပြီ ခြင်္သေ့မတွေဆိုပြီးအထင်သေးမိတဲ့မိကျောင်းတော့ သွားပါပြီ ရုတ်တရက်ဆိုသလိုပဲ ခြင်္သေ့မတွေက
ခေါင်းပိုင်းကိုကိုက်ဖြတ်သူကဖြတ်ကာဝင်ရောက်တိုက်ခိုက်ပါတော့တယ်။အစပိုင်းမှာတော့မိကျောင်းက ပြန်တိုက်ခိုက်နိုင်ပါသေးးတယ် ခြင်္သေ့မကသုံးကောင်ဆိုတော့မနိုင်တော့ဘူးလက်မြောက်အရှုံးပေးလိုက်ရ သလိုပဲရှုံးနိမ့်သွားကာမိကျောင်းကြီးက ရေသောက်ဆင်းလာတဲ့ခြင်္သေ့မနဲ့ ၎င်းရဲ့သားသမီးများအတွက်နေ့ လည်စာကောင်းတစ်ခုဖြစ်သွား ပါတော့တယ်.. ဒီပုံကို အခုလိုတိုက်ခိုက်နေစဉ် အမိအရ ရိုက်နိုင်ခဲ့တဲ့သူကတော့ Tony Goldman ပဲဖြစ်ပါသည် ။ Tonyဟာ၎င်း၏သားဖြစ် သူနှင့်အတူ တောလည်းကာ တောပစ်ထွက်ရင်း ဓါတ်ပုံများ၇ိုက်ရန်အတွက် ထွက်လာခဲ့ခြင်းဖြစ်ပါသည် ။ယခုလိုမိကျောင်းနှင့် ခြင်္သေ့တိုက်
ခိုက်နေခြင်းကို Tony ဟာ Botswana မှာရှိတဲ့ Duba လွင်ပြင်နားတွင်တွေ့ လိုက်ရခြင်းဖြစ်ပြီးး ၄င်းတို့ တိုက်ခိုက်နေသည့်ပုံများကိုအဝေးကနေအမိအရရိုက်နိုင်ခဲ့ပါသည်။Tonyဟာနှလုံးအထူးကုပါရဂူတစ်ယောက်လည်းဖြစ်ပါသည်။Tonyကပြောပါတယ်မိခင်ကသားငယ်ကို ချစ်တဲ့စိတ်ကြောင့် မိမိအသက်ကိုတောင်
ပဓာန မထားပဲ အနိုင်တိုက်ခဲ့တဲ့ခြင်္သေ့မ တို့ ရဲ့စိတ်ဓါတ်ကို သူလေးစားမိကြောင်းပြောပါသည် ။ တစ်ဦးတစ်ယောက် တစ်ခြားသူသည် မည်မျှပင် ကြောက်စရာကောင်းပြီးအကောင်း ကြီးနေပါမှု မိမိတွင် ရင်ဆိုင်နိုင်သည့်စိတ်ဓါတ်လေးသာပြင်းထန်မယ်ဆိုဘယ်အရာမဆို အောင်မြင်စွာကျော်လွှားသွားနိုင်မည်ဖြစ်ပါသည် ။

မိကျောင်းနားကို တစ်ဖြည်းဖြည်းကပ်သွားကာ ကိုက်သတ်ရန်ချောင်းနေသည့် ခြင်္သေ့မ

အနီးကပ် တိုက်ပွဲကတော့ စတင်နေပါပြီ မိကျောင်းကလဲမာန်ဖီ လျက် ခြင်္သေမတွေကလဲ ဒေါသမာန်တတ်လျက်

စတင်တိုက်ခိုက်နေပါပြီ မိကျောင်းကလဲ မိမိ မှီနိုင်သလောက် ကိုက်ပါတယ် အရှေ့ ကခြင်္သေ့ကအရောင်ပြပြီး အနောက်ကခြင်္သေ့တွေက ၀င်စွဲပါတော့မယ်..

အနောက်ကနေ ၀င်တိုက်တဲ့ခြင်္သေ့မတွေ ခေါင်းကို ပြန်လှန်ကာ ကိုက်လိုက်ပါပြီ မိကျောင်းတော့ အတော်လေး အရေးနိမ့်လာပါပြီ

အခုတော့ မိကျောင်းက ခြင်္သေ့ မတွေအတွက် နေ့လည်စာကောင်းတစ်ခုဖြစ်သွားခဲ့ပါပြီ အလည်ကခြင်္သေ့ပေါက်လေးကလဲ စားဖို့ အတွက်ဟန်ပြင်နေပါပြီ..။

အားလုံးကို အစဉ်လေးစားလျက်......

If you want to used this post please credit me thanks
အမိုက်စားလေးများ

See More Facts >> http://www.enjoymyanmar.blogspot.com/

Saturday, September 7, 2013

Russian မှBarbie ရုပ်နှင့်တူသော အမျိုးသမီးတစ်ယောက်

ဒါကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ ဘာကြောင့်လဲဆိုတော့ မိန်းကလေးများစွာထဲကမှ Barbie အရုပ်နဲ့တူတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ ဖို့ဆိုတာတကယ်ကို မယုံနိုင်စရာပါ။April 22 ရက်နေ့ ကBritish "Daily Mail" အစီရင်ခံချက်အရ 21 ရှိပြီဖြစ်တဲ့ Russian အမျိုးသမီး Valeria Lukyanova ဟာ ပလက်စတစ် Barbieရုပ်နှင့်တကယ် ချွတ်စွတ် တူနေကြောင်း သိရပါသည်။သူမသည် Online တွင်ဓါတ်ပုံများ တင်ရာတွင် သူမအရုပ်ရှင်ချောမောပြီး Barbie နှင့်တူသည့်အကြောင်းသည် Online ပေါ်တွင်တော့ discussion တစ်ခုအဖြစ်လူပြောများခဲ့ပါသည်။သူမသည် ကမ္ဘာပေးတွင် Barbie ရုပ်နှင့်တူသော အမျိုးသမီးများထဲတွင်တစ်ယောက်အပါအ၀င်ဖြစ်လာခဲ့ပြီဖြစ်ပါသည်။ အခြားသောနိုင်ငံများမှ Barbie ရုပ်နှင့်တူသော အမျိုးသမီးများစွာလည်းရှိသေးကြောင်းသိရပါသည်။တကယ့်ကို Barbie Doll တစ်ခုအလားပါပဲ။

ပုံ(1)

ပုံ(2)

ပုံ(3)

ပုံ(4)

ပုံ(5)


ပုံ(6)

ပုံ(7)

ပုံ(8)

ပုံ(9)

ပုံ(10)

Barbie Doll နဲ့ တူတဲ့ Girl တွေအတော်များလာပါပြီ အခုဆိုဒါကတော့ အသစ်တစ်ယောက်ပါ အရင်ကBarbie နဲ့ တူတဲ့ Girl အကြောင်းဆိုဒ်မှာ တင်ထားဖူးပါတယ် အဲတာက အမေရိက ကပါအခုက ရုရှား ကပါ..
လေးစားလျက်..

Adman
Enjoy Myanmar

Friday, September 6, 2013

အသက် 83နှစ်ရှိပြီဖြစ်သည့် အသက်အကြီးဆုံး Model

ဗြိတိန်နိုင်ငံမှ Daphne Selfe ဆိုသည့် အမျိုးသမီးကြီးသည် ဗြိတိန်တွင် နာမည်ကြီးသည့် အသက်အကြီးဆုံး Modelတစ်ယောက်ပဲဖြစ်ပါသည် ။ယခုသူမ၏အသက်သည် 83 နှစ်ရှိပြီဖြစ်သည့် Fashion-Model တစ် တစ်ယောက်ပဲဖြစ်ပါသည်။သူမဟာ ငယ်ရွယ်စဉ်အချိန်ကတည်းကပင် စတင်ကာ Fashion-modelတစ်ယောက် ဖြစ်ကာ ယခုအချိန်ထိ Fashion-model တစ်ယောက်အဖြစ်ရပ်တည်ကာ Fashion လမ်းကြောင်းပေါ်တွင်လျှောက်လှမ်းလာခဲ့တာ ယခုအရွယ်ထိပဲဖြစ်ပါသည်။သူမသည်ယခုအခါ အဖွားအရွယ်ကိုရောက်ရှိနေပြီဖြစ်ပေမယ့် သူမသည်ထူးဆန်းစွာပင် အလှအပများ ရှိနေသေးကာ အလှအပ များနှင့်အတူ Fashion-modelအဖြစ်ဆက်လက် ရပ်တည်နေလျက်၇ှိပါသည်။ ယခုအခါ သူမသည် ကမ္ဘာ့အသက်ကြီးဆုံး Fashion-modelတစ်ယောက်ဖြစ်ပါသည်။

အနက်ရောင် Dress နှင့် Photo Studio ထဲတွင်တွေ့ရသည့် သူ၏ပုံရိပ်

အခြား Fashion ၀တ်စုံတစ်ခုဖြင့် တွေ့ရသည့်Daphne

သူမ၏ Fashion လုပ်ရှားမှု ပုံရိပ်များ

သူမ၏ ပြင်ပပုံရိပ်များဖြစ်ပါတယ်

သူမ ငယ်ရွယ်စဉ်အခါက လှပနေတဲ့ပုံရိပ်များ

ငယ်စဉ်က လှပနေတဲ့ပုံရိပ်ကလေးများ..

အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ..

See More Amazing >>>http://www.enjoymyanmar.blogspot.com/
If you used this post please give credit thanks
အမိုက်စားလေးများ

Italy နိုင်ငံမှ ၀တုတ်တုတ်ကြောင်လေး

ကြောင်ဝတုတ်လေးး Giuly ဖြစ်ပါသည် ။ Giuly လေးရဲ့ပိုင်ရှင်ကတော့ Italy နိုင်ငံ Florence မြို့ မှဖြစ်ပါတယ်။ Giuly ဟာ၎င်းနေထိုင်တဲ့မြို့ လေးမှာအတော်လေးနာမည်ကြီးးပါတယ်ချစ်စရာကောင်းပြီးဝတုတ်နေသောကြောင်လေးတစ်ကောင်ဖြစ်သောကြောင့်ဖြစ်ပါသည်။Guily ဆိုသည့် ကြောင်မလေးးရဲ့ photo တွေဟာ Phone နဲ့ Net ပေါ်တွင်နာမည်ကြီးးကလူချစ်လူခင်ပေါ များတဲ့ကြောင်ကလေးပဲဖြစ်ပါသည်
Guily ဟာ အသက် ၅နှစ်ရှိပြီးနောက် သူမဟာ ဓါတ်ပုံထဲတွင်သိပ်ချစ်စရာမကောင်းပေမယ့်အပြင်တွင် ပိုချစ်စရာကောင်းပြီး.။ ဓါတ်ပုံအရိုက်ခံ ရမှာကို လည်းကြောက်ကာ ဟန်မဆောင်တတ်သော ကြောင်ကလေးတစ်ကောင်ဖြစ်ကြောင်းသိရပါသည် ။အသက် 28နှစ်ရှိပြီဖြစ်တဲ့ Guily ရဲ့ပိုင်ရှင် Chiara Bagnoli ကပြောပါတယ် သူမသည် ထိုကြောင်လေးကိုအရမ်းချစ်ကြောင်း အိမ်တွင်နေလျှင် အမြဲငြိမ်နေတတ်ကာ တစ်ယောက်ထဲ ပဲအမြဲနေတတ်ကြောင်းနှင့် ၄င်းအသံဟာလည်း သူ့ အတွက်အလွန်ချိုသာကြောင်းသိရပါသည် ။ သူမသည် မိုးတွေအလွန်ရွာတဲ့နေ့ တွေရောက်ပြီဆိုလျှင် Guily လေးကိုတင်းကျပ်စွာဖက်ထားကာ စောင်ထဲတွင် ပုန်းနေတတ်တာကိုအလွန် နှစ်သက်ကြောင်း ပြောပါတယ်။ Guily လေးဟာ အလွန်ကစားတာကို မက်ပေမယ့် သူဟာ အရမ်းကိုလေးလန်နေပါတယ် ဒါကြောင့်သိပ်မကစားနိုင်ပဲ အမြဲအိပ်ကာငြိမ်သက်နေပါတော့တယ်.။ ဒီအချက်ကပဲ သူ့ ကိုပိုဝလာစေလားတော့မသိပါဘူး။

လေးပြီးအိပ်ပျော်ချင်နေရှာတဲ့ ၀တုတ်ကြောင်မလေး

ဓါတ်ပုံအပေါ်ကနေ ရိုက်နေတာတွေ့ သွားလို့ ရှက်နေတယ်ထင်ပါတယ် ၀တုတ်လေးက

ဒီတစ်ခါတော့ အိပ်ပျော်နေလေရဲ့ ပက်လက်လေးး ကလိထိုးလိုက်မှထင်တယ်.. :P

သူ့ ကိုယ်ကအရမ်းလေးနေတယ်ထင်တယ် ငြိမ်နေတာပဲ..


See More Amazing >>>http://www.enjoymyanmar.blogspot.com/
If you used this post please give credit thanks
အမိုက်စားလေးများ

Wednesday, September 4, 2013

ကမ္ဘာတစ်လွှားမှ ထူးခြားဆန်းပြာလှတဲ့ Fashion Show ပွဲများ

အခုတင်ဆတ်မှာကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ထူးခြားဆန်းပြားလွန်းတဲ့ Fashion Show ပွဲတွေစီကိုပဲဖြစ်ပါ အားလုံးပဲ မယုံနိုင်အောင် ယဉ်သက်ရှုမောပြီး အံ့သြရမယ့် Fashion Show ပွဲတွေပဲဖြစ်ပါတယ်။တကယ့်ကိုမယုံနိုင်စရာပါ အများထက်ထူးကာ ပြုလုပ်တယ်ထင်ပါတယ် တစ်နေရာထဲမှာ မဟုတ်ပါဘူး ကမ္ဘာတစ်ဝန်းကဆိုအစုံကြည့်ရမယ်နော်.. ကဲစမယ်..
အပေါ်ပုံကတော့ လူရိုင်းဆန်စွာ သရဲတစ္ဆေ များစုန်းကဝေများ ပုံစံ Fashion များဖြင့် ၀တ်ဆင်ကာ ပြုလုပ်သည့် Fashion Show ပွဲတစ်ခုပဲဖြစ်ပါသည်။

အပေါ်ပုံကျတော့ Chocolate fashion show ပွဲကြီးပဲဖြစ်ပါသည် ခန္ဒာကိုယ်တော့ ကပ်စီးစီးနဲ့ ထိန်းလျှောက်ရပါ

လိမ့်မယ် ဒီဘက်ဘေးပုံက တစ်ယောက်ကတော့ ကျိုးကျကုန်ပါပြီ နှမြောစရာ ချောကလက်တွေ…
အပေါ်က ကျတော့ သူက Berlin က Fashion Show တစ်ခုဖြစ်ပါသည် သူ့ ပုံမှာမြင်ရတာကတော့ ရေဘ၀ဲကို Necklaces များကို ထူးခြားစွာ ၀တ်ဆင်ပြတာပါ ဘေးတဖက်ကကျတော့ ငုံးဥများကို ကြိုးဆွဲပြီး ၀တ်ထားတာပါ။
Hamburg, Germany မှာကျင်းပခဲ့တဲ့ August ,2010 မှာတုန်းက ကျင်းပခဲံတဲ့ထူးခြားတဲ့ Latexpo fashion show ကြီးပဲဖြစ်ပါတယ် အဲဒီပွဲမှာတုန်းက ကျတော့ ဖယောင်းတွေနဲ့ နောက်တခြား ပစ္စည်းတွေနဲ့ ခန္ဒာကိုယ်

တွင်အရောင်များ သုတ်ကာအမူအယာ များထူးခြားစွာပြုလုပ်ပြီး ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ Show တစ်ခုဖြစ်ခဲ့ပါတယ်။

2012 Janauary တုန်းက Japan နိုင်ငံ Tokyo မြို့ Tsukiji-Honganji temple မှာကျင်းပခဲ့တဲ့ Monks Fashion Show (ဘုန်းကြီး Fashion Show) ပွဲဖြစ်ပါတယ်တဲ့။ တကယ့်ကိုထူးဆန်းထွေလာပါပဲ လောကီနဲ့ အဆတ်

အသွယ်ဖြတ်ထားတဲ့ ရဟန်းတော်တွေကိုတောင် ကျင်းပခိုင်းနေလေရဲ့ ရက်စက်ပါ့ Japan တွေရယ်..
အပေါ်ပုံ ကFashion Show ပွဲကတော့ Animals များကိုစာနာထောက်ထား တတ်စေ၇န်အတွက်ရည်ရွယ်ကျင်း

ပတဲ့ထူးခြားပြီး တကယ်ကိုကောင်းတဲ့ Fashion Show လေးပဲဖြစ်ပါသည်။
ဒါကတော့ မျက်လုံးများနဲ့ ခန္ဒာကိုယ်အမူအယာများက ကြောက်လန့် အံ့သြသည့် ပုံစံများဖြင့် ပြုလုပ်သည့် Fashion ပွဲတစ်ခုပဲဖြစ်ပါသည်။


ဒါကတော့ သဘာဝပတ်ဝန်းကျင် ကိုအလေးထားရန် ရည်ရွယ်ကျင်းပခဲ့တဲ့ Fashion Show ပွဲတစ်ခုမှ ပန်းပွင့်ပုံစံကိုလူတစ်ယောက် ၀င်ကာပြသခဲ့ပါတယ်.
အပေါ်က ပွဲကျတော့ ဂျွမ်းဘား တို့ ဆပ်ကပ်တို့ နဲ့ ကျင်းပတာပါတဲ့ တကယ့်ကို ဆန်းပြားတဲ့ပွဲပါပဲ ဆပ်ကပ်လဲကြည့်ရသလို Fashion တွေကိုလဲ လေ့လာလို့ ရပါတယ်..
အပေါ်ကပွဲကတော့ ဂြိုဟ်သားများ ပုံစံ မျက်နှာခေါင်းများ ပြုလုပ်ကာ Fashion Show လေးပြုလုပ်ခဲ့ပါတယ် တကယ့်ကိုထူးခြားတဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါသည်။


အပေါ်ပွဲကကျတော့ အမျိုးသမီးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ထမ်းပြေး တဲ့ Fashion Show လေးပဲဖြစ်ပါတယ်တဲ့ ။
ဒီပွဲကကျတော့ ပါးစပ်ထိပ်မှာ တစ်ခုခု တပ်ကာ Fashion Show လျှောက်ပြတာလေးပဲဖြစ်ပါတယ်..။လက်ကိုလဲ ကြိုးဖြင့် တုပ်နှောင်ထားပြီး ချဉ်နှောင်ခံထားရသည့် မိန်းမချောလေးတစ်ယောက် ကဲ့ သို့ ဖြစ်ပါသည် ။
ဒါကတော့ လူငယ်တို့ သဘာဝ ချစ်သူရည်းစားများနှင့် တွေ့ လာသည့်အခါ လုပ်လေ့လုပ်ထရှိသည့် အပျော်အပါး ဟန်ပန်အမူအယာများကို ပြုလုပ်ပြသည့် Fashion Show တစ်ခုပဲဖြစ်ပါသည်။

ဒါကတော့ အချွန်အတတ်များနှင့် ခန္ဒာကိုယ်ပေါ်တွင် အခြားသော အဆင်တန်ဆာများ ဖုံးအုပ်ကာ ပြသသည့် Show တစ်ခုပဲဖြစ်ပါသည်။

အမွေး Fashion ပဲဖြစ်ပါသည် အမွေးများကို အတုတပ်ကာ ပြုလုပ်သည့် ပွဲလေးပဲဖြစ်ပါသည် ။


ဒါကတော့ တရုတ်ပြည်ကပဲထင်တယ် ကွန်ဒုံးများနှင့် ပြုလုပ်ထားသည့် ဦးထုပ်တွေကို ဒီဇိုင်းအမျိုးမျိုးဆောင်းကာ ပြသသည့် Fashion Show ပဲဖြစ်ပါသည် ။
Snake Fashion Show လေးပဲဖြစ်ပါသည် မြေများကို လည်ပင်းပေါ်လက်ပေါ်တွင် သယ်ဆောင်ကာ Fashion Show လျှောက်ပြနေခြင်းဖြစ်ပါသည် ။

အားလုံးပဲ ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြာလှတဲ့ Fashion Show ပွဲတွေအကြောင်းသိလိုက်ရပြီဆိုတော့ ဗဟုသုတ အသိလေးတစ်ခုတိုးပါပြီ .. အားလုံးပဲ ပျော်ရွှင် ကျန်းမာကြပါစေ..
If you used this post please credit me thanks
အမိုက်စားလေးများ

Enjoy Myanmar